စင်ကာပူလွှတ်တော်ကနေ ကျန်းမာရေးအချက်အလက် အက်ဥပဒေကြမ်း (Health Information Bill) ကို အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေသစ်အရ လာမယ့်နှစ် အစောပိုင်းကစပြီး စင်ကာပူနိုင်ငံအတွင်းက လိုင်စင်ရ ကျန်းမာရေးဝန်ဆောင်မှုပေးသူ အားလုံးဟာ မိမိတို့ဆီ လာရောက်ပြသတဲ့ လူနာတွေရဲ့ ကျန်းမာရေး အချက်အလက်တွေကို အမျိုးသား အီလက်ထရွန်နစ် ကျန်းမာရေးမှတ်တမ်းစနစ် (NEHR) ဆီကို မဖြစ်မနေ ပေးပို့မျှဝေရတော့မှာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ရတာဟာ လူနာတစ်ယောက်က ဆေးခန်းတစ်ခုကနေ နောက်တစ်ခုကို ပြောင်းပြတဲ့အခါ ဒါမှမဟုတ် အထူးကုကနေ အထွေထွေရောဂါကုဆရာဝန်ဆီ ပြောင်းတဲ့အခါမှာ ဆေးမှတ်တမ်းတွေ မစုံလင်လို့ ဆေးမှားသောက်မိတာ၊ စစ်ဆေးမှုတွေ ထပ်ခါတလဲလဲ လုပ်ရတာမျိုးတွေကို လျှော့ချနိုင်ဖို့ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ရှင်းပြထားပါတယ်။
Jan 13 • 2:36 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


