back

ကယားပြည်နယ်တွင် KnNC နှစ် ၃၀ ပြည့် နှင့် ကျောင်းသားဟောင်းများ ညီလာခံ ကျင်းပ

Jan 13 • 2:37 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်တွင် KnNC နှစ် ၃၀ ပြည့် နှင့် ကျောင်းသားဟောင်းများ ညီလာခံ ကျင်းပ

ကယားပြည်နယ်(ကရင်နီ)အမျိုးသားကောလိပ် (KnNC) နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် ကျောင်းသူ၊ ကျောင်းသားဟောင်းများ တွေ့ဆုံခြင်း ညီလာခံတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ထ...

ကယားပြည်နယ်(ကရင်နီ)အမျိုးသားကောလိပ် (KnNC) နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် ကျောင်းသူ၊ ကျောင်းသားဟောင်းများ တွေ့ဆုံခြင်း ညီလာခံတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။အဆိုပါ အခမ်းအနားကို ဇန်နဝါရီလ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တွင် ထိုင်း-ကရင်နီ နယ်စပ်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုသိန်းမင်းထွေးက ပြောသည်။ "ညီလာခံ ပြုလုပ်ဖြစ်ခြင်းရဲ့ ပထမရည်ရွယ်ချက်ကတော့ ကျောင်းသားဟောင်းတွေနဲ့ KnNC ကောလိပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာဖို့ရယ်၊ ကျောင်းရဲ့ Plan တွေ ပိုမိုခိုင်မာလာဖို့အတွက်ရယ်ပါ" ဟု ၎င်းက ဆိုသည်။အဆိုပါ ညီလာခံမှ KnNC Alumni Association (ကရင်နီအမျိုးသားကောလိပ် ကျောင်းသူ၊ ကျောင်းသားဟောင်းများအသင်း) ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဆိုထားသည်။

news-view-count-icon

25