back

စင်ကာပူတွင် စားသုံးသူတွေအပေါ် ယုံကြည်မှုကြောင့် နစ်နာခဲ့ရပေမဲ့ မူဝါဒကို မပြောင်းလဲတဲ့ Tai Seng က အရက်ဘားပိုင်ရှင်

Jan 13 • 2:34 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် စားသုံးသူတွေအပေါ် ယုံကြည်မှုကြောင့် နစ်နာခဲ့ရပေမဲ့ မူဝါဒကို မပြောင်းလဲတဲ့ Tai Seng က အရက်ဘားပိုင်ရှင်

စင်ကာပူနိုင်ငံ Tai Seng နယ်မြေ၊ Commerze@Irving ရှိ Enjoy Bar မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က စားသောက်ပြီး ငွေမပေးဘဲ ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားဟာ ဆိုင်ပိုင...

စင်ကာပူနိုင်ငံ Tai Seng နယ်မြေ၊ Commerze@Irving ရှိ Enjoy Bar မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က စားသောက်ပြီး ငွေမပေးဘဲ ထွက်ပြေးသွားခဲ့တဲ့ အမျိုးသားဟာ ဆိုင်ပိုင်ရှင်ဆီကို ပြန်လည်တောင်းပန်ပြီး ကျန်ရှိနေတဲ့ ငွေတွေကို ဘဏ်ကနေတစ်ဆင့် လွှဲပေးလိုက်ပြီလို့ သိရပါတယ်။ Desmond လို့ အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ ဒေါ်လာ ၂၃၄ ဖိုး စားသောက်ခဲ့တာဖြစ်ပြီး သူဟာ ငွေကို ရက်အနည်းငယ်အတွင်း ပြန်ပေးဖို့ အစီအစဉ်ရှိခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ နစ်နာသူ ဘားပိုင်ရှင်ကတော့ ငွေပြန်ရရှိပြီဖြစ်တဲ့အတွက် ဒီကိစ္စကို နောက်ထပ် အရေးယူဆောင်ရွက်တာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။Bar ရဲ့ မန်နေဂျာကတော့ သူတို့အနေနဲ့ စားသုံးသူတွေရဲ့ အကျိုးစီးပွားကိုပဲ အမြဲရှေ့တန်းတင်မှာဖြစ်သလို လောကမှာ လူကောင်းတွေ ရှိနေသေးတယ်လို့ ယုံကြည်တဲ့အတွက် ဆိုင်ရဲ့ စည်းကမ်းတွေကို ပြောင်းလဲမှာမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

news-view-count-icon

9