back

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွေမှာ မြန်မာဖိုက်တာ (၄) ဦးစလုံး ရှုံးနိမ့်

Jan 13 • 2:33 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွေမှာ မြန်မာဖိုက်တာ (၄) ဦးစလုံး ရှုံးနိမ့်

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဖိုက်တာများဖြစ်ကြတဲ့ ငြိမ်းချမ်းအေး၊ ရှားတောက်၊ ကျောက်ရိုင်းနဲ့ ဂေါ်ဒိုးထူးတို့ (၄) ဦးစလုံးဟ...

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဖိုက်တာများဖြစ်ကြတဲ့ ငြိမ်းချမ်းအေး၊ ရှားတောက်၊ ကျောက်ရိုင်းနဲ့ ဂေါ်ဒိုးထူးတို့ (၄) ဦးစလုံးဟာ ပြိုင်ဘက် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာများကို ရှုံးနိမ့်ခဲ့ကြောင်း သိ ရပါတယ်။ကျောက်ရိုင်းဟာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ မီးစ်ဘွန်သန်းကို အပြန်အလှန်ထိုးသတ်နိုင်ခဲ့ပေမဲ့ သုံးချီအပြီး အမှတ်ဖြင့်ဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာဖိုက်တာ ရှားတောက်ဟာ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ အာနာရော့သ်နဲ့ သုံးမိနစ်၊ သုံးချီအဖြစ်ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာဖိုက်တာ ဂေါ်ဒိုးထူးဟာ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ရစ်ဗဗီဘ်ုးလ်နဲ့ သုံးမိနစ်၊ သုံးချီအဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပြိုင်ဘက်ကမ္ဘောဒီးယားဖိုက်တာရဲ့ အောက်ခြေခတ်ချက်တွေကို မခံနိုင်တော့ပဲ ဒုတိယအချီမှာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။မြန်မာဖိုက်တာ ငြိမ်းချမ်းအေးဟာ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယား ဖိုက်တာရီဆမီးနဲ့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီမှာ ညာခြေအမြင့်ကန်ချက်ကြောင့် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ပါတယ်။

news-view-count-icon

10