အိန္ဒိယနိုင်ငံတွင် "အပရာဇိတ" ဟု လူသိများသည့် အောင်မဲညိုပင် (Butterfly Pea) သည် ပြာလွင်သော အပွင့်များပွင့်သည့် နွယ်ပင်တစ်မျိုးဖြစ်ပြီး၊ လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများက သဘာဝပစ္စည်းများကို ပိုမိုနှစ်သက်လာခြင်းကြောင့် ၎င်းမှရရှိသည့် သဘာဝဆိုးဆေးမှာ အထူးခေတ်စားလာသည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ဓာတုအစားအသောက်ဆိုးဆေးများအပေါ် ထိန်းချုပ်မှု တင်းကျပ်လာခြင်းက အောင်မဲညိုပန်း၏ ဝယ်လိုအားကို ပိုမိုမြင့်တက်စေကာ အိန္ဒိယနိုင်ငံရှိ စွန့်ဦးတီထွင် စီးပွားရေးသမားများအတွက် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရှိရပါသည်။
Jan 13 • 2:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 61 | 0 | 0 | 0 |


