ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Golden Five Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် လုပ်ခလစာတန်းတူရရှိရေးနှင့် တိုးမြှင့်ပေးရေးအတွက် ဇန်နဝါရီ ၇ ရက်မှစတင်ကာ ယနေ့အထိ ၆ ရက်တိုင် ဆက်တိုက်တောင်းဆိုနေကြသည်။ အလုပ်သမားများက နေ့တွက်ကြေး (ဒေးကြေး) ၁၂,၀၀၀ ကျပ်အထိ တိုးပေးရန်၊ ကျွမ်းကျင်ကြေး ၂၀,၀၀၀ ကျပ်စီ တိုးပေးရန်၊ ဖယ်ရီကားနှင့် ထမင်းစားဆောင် လုံလောက်စွာ စီစဉ်ပေးရန်အပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် စနေနေ့က အလုပ်ရှင်၊ အလုပ်သမားဦးစီးဌာနနှင့် WCC အဖွဲ့များ ညှိနှိုင်းခဲ့သော်လည်း အလုပ်သမားများဘက်က သဘောတူညီမှုမရရှိသေးဘဲ ဆက်လက်တောင်းဆိုနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
Golden Five Myanmar အထည်ချုပ်စက်ရုံလုပ်သား ၃၀၀ ကျော် လုပ်ခလစာတိုးမြှင့်ပေးရန် ၆ ရက်ကြာ ဆက်တိုက်တောင်းဆိုနေ
Jan 13 • 2:20 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 25 | 0 | 0 | 0 |


