မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ဒရယ်ကျေးရွာ ကျောက်တန်းပိုင်းတွင် ဇန်နဝါရီလ ၁၂ ရက် ည ၇ နာရီဝန်းကျင်က နေအိမ်တစ်လုံး မီးစတင်လောင်ကျွမ်းခဲ့ပြီး ဘေးအိမ်သို့ ထပ်မံကူးစက်ခဲ့ရာ စုစုပေါင်း နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို ဒေသခံပြည်သူများ၊ မီးသတ်ဦးစီးဌာနနှင့်အတူ မော်လမြိုင်မြို့ပေါ်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး လက်ရှိတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်
Jan 13 • 2:19 AM
မြန်မာ
မွန်
မျှဝေမည်
| 25 | 0 | 0 | 0 |


