back

အီရန်မှာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုကြောင့် ‌ေ-သဆုံးသူ ၅၀၀ နီးပါးရှိနေ

Jan 13 • 2:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်မှာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုကြောင့် ‌ေ-သဆုံးသူ ၅၀၀ နီးပါးရှိနေ

အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေအတွင်း ဒိုင်လူကြီးတစ်ဦးနဲ့ ကျောင်းသူတစ်ဦး အပါအဝင် လူပေါင်းရာနဲ့ချီ ‌ေ-သဆုံးခဲ့တယ်လို့ သတင်းတွေက ...

အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေအတွင်း ဒိုင်လူကြီးတစ်ဦးနဲ့ ကျောင်းသူတစ်ဦး အပါအဝင် လူပေါင်းရာနဲ့ချီ ‌ေ-သဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ Neyriz မြို့က ဆန္ဒပြပွဲမှာ အသက် ၂၆ နှစ်အရွယ် နည်းပြ Amir Mohammad Koohkan ဟာ ဇန်နဝါရီ ၃ ရက်နေ့မှာ ကျည်အစစ်နဲ့ ပ-စ်ခ-တ်ခံခဲ့ရသလို၊ ၅ ရက်အကြာ Tehran မြို့ ဆန္ဒပြပွဲမှာလည်း အသက် ၂၃ နှစ်အရွယ် ကျောင်းသူ Rubina Aminian ဟာ နောက်ကျောကနေ ပ-စ်ခ-တ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA ရဲ့ အဆိုအရ နှစ်ပတ်ကြာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၅၀၀ နီးပါးနဲ့ လုံခြုံရေးဝန်ထမ်း ၄၈ ဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။ စီးပွားရေးအခြေအနေကြောင့် Tehran မြို့တော်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ မြို့ပေါင်း ၁၈၆ မြို့နဲ့ ပြည်နယ် ၃၁ ခုစလုံးအထိ ပျံ့နှံ့သွားခဲ့ပြီး Islamic Republic စနစ်နဲ့ Supreme Leader Ayatollah Ali Khamenei ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုလာကြတာ ဖြစ်ပါတယ်။ဆန္ဒပြပွဲတွေဟာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဖြစ်လာတာနဲ့အမျှ အစိုးရကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းလာခဲ့ပြီး HRANA ရဲ့ စာရင်းအရ လူပေါင်း ၁၀,၆၀၀ အဖမ်းခံထားရကာ ဆန္ဒပြသူ ၄၉၆ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံတွင်းက သတင်းရင်းမြစ်တွေကတော့ ‌ေ-သဆုံးသူအရေအတွက်ဟာ လက်ရှိဖော်ပြထားတာထက် ပိုများနိုင်ပါတယ်။


news-view-count-icon

16