ဂျပန်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအရ အသက် ၂၀ ပြည့်ပြီး ကလေးအရွယ်မှ လူကြီးဘဝသို့ ကူးပြောင်းခြင်းကို ဂုဏ်ပြုသည့် အရွယ်ရောက်သူများနေ့ (Coming of Age Day) အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်တွင် ကာနာဂါဝါစီရင်စု၊ ကာဝါစကီမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ဇန်နဝါရီလ၏ ဒုတိယမြောက် တနင်္လာနေ့တိုင်း ကျင်းပလေ့ရှိသည့် ဤအမျိုးသားအားလပ်ရက်တွင် အသက် ၂၀ ပြည့်ပြီးသူ လူငယ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးငယ်များက လက်မောင်းရှည် ကီမိုနိုဝတ်စုံ များကိုလည်းကောင်း၊ အမျိုးသားများက ရိုးရာဝတ်စုံ သို့မဟုတ် အနောက်တိုင်းဝတ်စုံများကိုလည်းကောင်း ဝတ်ဆင်ကာ လူ့အဖွဲ့အစည်းအတွင်း တာဝန်သိသည့် လူကြီးတစ်ယောက်အဖြစ် နေထိုင်သွားရန် သန္နိဋ္ဌာန်ချခဲ့ကြကြောင်း သိရှိရပါသည်။
Jan 13 • 2:22 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


