တရုတ်နိုင်ငံ၏ “ရေခဲမြို့တော်” ဟု တင်စားခေါ်ဝေါ်သည့် ဟားအယ်ပင်းမြို့တွင် ရေခဲဆီးနှင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ မြို့အတွင်း ဖြတ်သန်းစီးဆင်းသော ဆုန်းဟွာကျန်းမြစ် ၏ ရေခဲဖုံးလွှမ်းနေသည့် မြစ်ပြင်ကျယ်ကြီးသည် ဧရာမ အပန်းဖြေဥယျာဉ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါ မြစ်ပြင်ပေါ်တွင် ခရီးသွားဧည့်သည်များနှင့် မြို့ခံပြည်သူများမှာ ရေခဲပြင်ပေါ်တွင် မြင်းစီးခြင်း၊ ဆီးနှင်းအားကစားများ ပြုလုပ်ခြင်းနှင့် အခြားသော ရေခဲပြင်ဖျော်ဖြေရေး အစီအစဉ်များကို ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြပြီး နိုင်ငံတကာမှ ခရီးသွားများကိုလည်း ဆွဲဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 13 • 2:16 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 2 | 0 | 0 | 0 |


