ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုရာသီအစမှာမှ ခန့်အပ်ထားတဲ့ နည်းပြ Xavi Alonso နှင့် လမ်းခွဲပြီဖြစ်ကြောင်းတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ယခုဆုံးဖြတ်ချက်ကို ဘာစီလိုနာအသင်းအားရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဖိုင်နယ်အပြီး ၂၄ နာရီအတွင်းမှာပဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ယာယီနည်းပြအဖြစ် လူငယ်အသင်းနည်းပြ Alvaro Arbeloa ကို အသင်းကြီးရာထူးတိုးမြှင့်ပေးလိုက်ပြီး ရာသီကုန်အထိ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။နည်းပြအလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်မှာ ရလာဒ်ပိုင်းအရ အဆင်ပြေခဲ့ပေမယ့် ကစားသမားတွေ၊ဘုတ်အဖွဲ့တွေနဲ့ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ခဲ့တာဖြစ်ပါတယ်။



