back

လာမည့် ပညာသင်နှစ်မှ စပြီး အလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေး အခြေခံပညာများ ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

Jan 13 • 2:14 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လာမည့် ပညာသင်နှစ်မှ စပြီး အလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုးမွေးမြူရေး အခြေခံပညာများ ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ အလယ်တန်းအဆင့် (Grade 6 မှ 9 အထိ) ကျောင်းသား၊ ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခ...

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာ အလယ်တန်းအဆင့် (Grade 6 မှ 9 အထိ) ကျောင်းသား၊ ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဗဟုသုတများကို တစ်ပတ်လျှင် နှစ်ချိန်နှုန်းဖြင့် ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဒေသတွင်း ပညာတတ်အရင်းအမြစ်များ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားများအနေဖြင့် အထက်တန်းအဆင့်သို့ ရောက်ရှိပါက မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပညာရပ်များကို မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်တို့က အသီးသီး ပြောကြားခဲ့သည်။

news-view-count-icon

28