တရုတ်နိုင်ငံအပေါ် မြေရှားသတ္တု မှီခိုနေရမှုကို လျှော့ချရန်အတွက် ဂျပန်နိုင်ငံသည် တိုကျိုမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁,၉၀၀ အကွာရှိ မီနာမီတိုရီကျွန်းအနီးသို့ 'ချီကျူ' အမည်ရှိ စမ်းသပ်ရေယာဉ်ကို စေလွှတ်လိုက်ပြီဖြစ်သည်။ အဆိုပါ ရေယာဉ်သည် ပင်လယ်ရေအနက် ၆ ကီလိုမီတာရှိ ကြမ်းပြင်မှ မြေရှားသတ္တုကြွယ်ဝသော ရွှံ့မြေများကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အဆက်မပြတ် စုပ်တင်တူးဖော်ရန် ကြိုးပမ်းမည်ဖြစ်ပြီး၊ ဤစီမံကိန်းသည် ကား၊ စမတ်ဖုန်းနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးအတွက် အရေးပါသော ကုန်ကြမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ၇ နှစ်ကြာ ပြင်ဆင်ခဲ့သည့် အစိုးရထောက်ခံချက်ရ စီမံကိန်းတစ်ခုဖြစ်သည်။ သုတေသီနှင့် အဖွဲ့သား ၁၃၀ လိုက်ပါသွားသော အဆိုပါ ရေယာဉ်သည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြန်လည်ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
Jan 13 • 2:13 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


