ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇောတိကဦးခင်လှိုင်သည် ဆန္ဒမဲ ၁၅,၀၀၀ ကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်တွင် မြို့နယ်ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။ ဇောတိကဦးခင်လှိုင်သည် ယခင်က အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ၆ ကြိမ်တိုင် ရှုံးနိမ့်ခဲ့ဖူးသော်လည်း ယခု ၈ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ပထမဆုံးအကြိမ်အဖြစ်အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းထက် မဲအရေအတွက် ၁၀,၀၀၀ ကျော် ပိုမိုရရှိခဲ့ပြီး ယခင်စည်ပင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် ပြည်သူများက ယုံကြည်စွာ မဲပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 13 • 2:12 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 36 | 0 | 0 | 0 |


