မွန်ပြည်နယ်၌ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) ရလဒ်များအရ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦး ထွက်ပေါ်လာရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၂၁ ဦးနှင့် မွန်ညီညွတ်ရေးပါတီ (MUP) က ၁၇ ဦးဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး၊ ကျန်ရှိသည့် ကိုယ်စားလှယ်နေရာများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပါအဝင် အခြားပါတီများက ခွဲဝေရရှိခဲ့ကြကာ အဆိုပါရွေးကောက်ခံရသူများတွင် ပြည်သူ့လွှတ်တော်အတွက် ၁၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၂၀ ဦးနှင့် ဗမာ၊ ကရင်၊ ပအိုးဝ် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကိုယ်စားလှယ် ၄၅ ဦး ထွက်ပေါ်လာပြီး USDP နှင့် MUP ပါတီတို့ အများဆုံးအနိုင်ရ
Jan 13 • 2:09 AM
မြန်မာ
မွန်
မျှဝေမည်
| 41 | 0 | 0 | 0 |


