မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ ၅၇ လုံး ဆုံးရှုံးပြီး လူဦးရေ ၂၁၃ ဦး မီးဘေးသင့်ခဲ့ရသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီနိုင်ရန် မော်လမြိုင်မြို့အခြေစိုက် ပရဟိတအဖွဲ့ ၇ ဖွဲ့က ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) မှစတင်ကာ နှစ်ရက်ကြာ အလှူခံထွက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် မီးဘေးသင့်ပြည်သူများကို ကျေးရွာဓမ္မာရုံနှင့် လူမှုကယ်ဆယ်ရေးရုံးများ၌ ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ စောင့်ရှောက်ထားပြီး၊ ပရဟိတအဖွဲ့များမှ ရရှိလာသော အလှူငွေနှင့် လူသုံးကုန်ပစ္စည်းများကို အမြန်ဆုံးအရောက် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 13 • 2:10 AM
မြန်မာ
မွန်
မျှဝေမည်
| 21 | 0 | 0 | 0 |


