၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) တို့တွင် ပြည်သူများ မဲထွက်ပေးမှု မျှော်မှန်းထားသည်ထက် နည်းပါးခြင်းကြောင့် ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် SNDP ပါတီတို့မှာ မျှော်မှန်းထားသလောက် အနိုင်မရခဲ့ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားခဲ့ပြီး၊ အထူးသဖြင့် မဲပေးသူ ၄၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ခြင်းမှာ မဲမပေးရေး (No Vote) လှုပ်ရှားမှုများ၏ အကျိုးသက်ရောက်မှုဖြစ်သည်ဟု သုံးသပ်ကြသည့်အပြင် ရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲနှင့် မဲပေးစက် ချို့ယွင်းမှုဆိုင်ရာ အားနည်းချက်များကိုလည်း ထောက်ပြဝေဖန်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 13 • 2:06 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


