ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊သံတောင်မြောက်ပိုင်း ၊ လိပ်သိုမြို့အရှေ့ဖက်ခြမ်း ကလေခိုကျေးရွာအုပ်စုမှာ ကော်ဖီဈေးနှုန်းဟာ ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းသွားတယ်လို့ သိရပါတယ်။အဲ့ဒီဒေသရှိတောင်သူတွေဟာ ယခုနှစ်တွေအတွင်း အဓိကသီးနှံတစ်ခုအဖြစ် ကော်ဖီပင်ကို ပိုမို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ကော်ဖီအစိမ်းတစ်ပုံးကို ကျပ် ၅၀,၀၀၀ ထိရရှိပြီး အခွံခြောက် တစ်ပုံးကို ကျပ် ၁၀၀,၀၀၀ ၊ အဆံခြောက်တစ်ပိဿာကို ကျပ် ၄၀,၀၀၀ ထိရရှိခဲ့ပြီး ယခုနှစ်မှာတော့ အစိမ်းတစ်ပုံးကို ကျပ် ၃၅,၀၀၀၊ အခွံခြောက်တစ်ပုံးကို ကျပ် ၅၀,၀၀၀၊ အဆံခြောက် တစ်ပိဿာကို ကျပ် ၂၀,၀၀၀ ထိသာရရှိတယ်လို့သိရပါတယ်။ဒါ့ကြောင့် ကော်ဖီကိုအားထားပြီး စိုက်ပျိုးနေကြတဲ့ တောင်သူတွေအတွက် ကုန်စျေးနှုန်းမြင့်တက်လာတာနဲ့အမျှ စားဝတ်နေရေးဟာလည်း ခက်ခဲနေတယ်လို့ ကော်ဖီစိုက်ပျိုးသူတစ်ဦးမှ ဆိုပါတယ်။
| 20 | 0 | 0 | 0 |


