back

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်နေ

Jan 13 • 1:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း တီဘီရောဂါဖြင့် သေဆုံးသူ ၁၄၅ ယောက်ရှိကာ၆ နှစ်အတွင်း သေဆုံးသူအများဆုံးဖြစ်နေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာ...

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်

အတွင်း မီဇိုရမ်မှာ တီဘီ(အဆုတ်ရောင်)ရောဂါနဲ့ သေဆုံးတဲ့သူ ၁၄၅ ယောက်အထိ ရှိခဲ့ကာ ဒါဟာ ၆ နှစ်တာကာလအတွင်းမှာ သေဆုံးသူအများဆုံး စံချိန်တင်သွားတာဖြစ်သလို၊ လူနာ ၂၆၇ ယောက်ကတော့ တီဘီရောဂါအပြင် HIV/AIDS ပါ နှစ်မျိုးစလုံး ခံစားနေရတယ်လို့ The Hindu သတင်းဌာနမှာ ဖော်ပြထားပါတယ်။၂၀၂၅ ခုနှစ်အတွင်းမှာ တီဘီရောဂါသည် လူနာသစ် ၂,၂၇၅ ယောက် တွေ့ခဲ့ပြီး အဲဒီထဲက ၁,၉၀၀ ကိုတော့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ၃၇၅ ယောက်ကိုတော့ ပုဂ္ဂလိက ဆေးခန်းတွေမှာ တွေ့ခဲ့တာလည်းဖြစ်ပါတယ်။လူနာသစ်တွေထဲမှာ ၁၄၆ ယောက်က ဆေးယဉ်ပါး တီဘီ (MDR-TB) ဖြစ်နေသလို၊ ၁၄၁ ယောက်ကတော့ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပြီး လူနာစုစုပေါင်းရဲ့ ၈၄ ရာခိုင်နှုန်းကို အောင်မြင်အောင် ကုသပေးနိုင်ခဲ့ပါတယ်။မီဇိုရမ်မှာ တီဘီရောဂါနဲ့ သေဆုံးတဲ့သူက ၂၀၂၀ ပြည့်နှစ်ကတည်းက တောက်လျှောက် တက်လာနေပြီး ၂၀၂၀ မှာ ၃၁ ယောက်၊ ၂၀၂၁ မှာ ၄၆ ယောက်၊ ၂၀၂၂ မှာ ၈၇ ယောက်၊ ၂၀၂၃ မှာ ၁၁၉ ယောက်နဲ့ ၂၀၂၄ မှာတော့ ၁၃၆ ယောက်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။နယ်မြေအလိုက် တီဘီရောဂါ ဖြစ်ပွားမှုအနေဖြင့် Aizawl ခရိုင်မှာ လူနာ ၁,၅၆၉ ယောက်နဲ့ အများဆုံး ဖြစ်နေပြီး Lunglei ခရိုင်မှာ ၁၅၅ ယောက်၊ Kolasib ခရိုင်မှာ ၁၃၈ ယောက် အသီးသီး ရှိကာ Serchhip ခရိုင်ကတော့ ၅၂ ယောက်နဲ့ လူနာ အနည်းဆုံးဖြစ်ပါတယ်။



news-view-count-icon

35