back

ထိုင်းနိုင်ငံသားကို မြန်မာအလုပ်သမားက တုတ်ဖြင့်တိုက်ခိုက်မှု ထိုင်းမျိုးချစ်တွေအထိ ပျံ့နှံ့သွားကာ အပြင်းအထန် ဝေဖန်ခံနေရ

Jan 13 • 2:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံသားကို မြန်မာအလုပ်သမားက တုတ်ဖြင့်တိုက်ခိုက်မှု ထိုင်းမျိုးချစ်တွေအထိ ပျံ့နှံ့သွားကာ အပြင်းအထန် ဝေဖန်ခံနေရ

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘို (Bang Bo) နယ်မြေတွင် ယမန်နေ့ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းဆိုင်ကယ် ကယ်ရီ(Delivery) အလ...

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘို (Bang Bo) နယ်မြေတွင် ယမန်နေ့ဇန်နဝါရီလ ၁၁ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းဆိုင်ကယ် ကယ်ရီ(Delivery) အလုပ်သမားများအကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။ ရုပ်သံမှတ်တမ်းအရ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းတွင် ဘန်ဘိုမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ အင်္ကျီအဖြူဝတ် မြန်မာအလုပ်သမားတစ်ဦးသည် ဆိုင်ထဲမှ တုတ်တစ်ချောင်း ကိုင်ဆောင်ကာထွက်လာပြီး ဆိုင်ကယ် ကယ်ရီသမားအား အော်ဟစ်ခဲ့သည်ကို တွေ့ရသည်။ ၎င်း၏နောက်တွင် အခြားသော မြန်မာအလုပ်သမားများလည်း ပါလာခဲ့ကြပြီး ကယ်ရီသမား ၁ ဦး၏ ဆိုင်ကယ်ကို တုတ်ဖြင့် ရိုက်နှက်ဖျက်ဆီးခဲ့သဖြင့် နှစ်ဖက်အုပ်စု ရန်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ဘန်ဘိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းခဲ့သည်။လက်ရှိတွင် အခြေအနေ ပိုမိုဆိုးရွားမလာစေရန် အဆိုပါဆိုင်ကို ယာယီပိတ်ခိုင်းထားကြောင်း၊ ကျူးလွန်သူ မြန်မာအလုပ်သမား၏ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ကိုလည်း စစ်ဆေးရန် ညွှန်ကြားထားကာ ၎င်းသည် ရိုက်နှက်မှုအပြင် ပိုင်ဆိုင်မှု ဖျက်ဆီးမှုဖြင့်ပါ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းလူမူကွန်ရက်သုံးစွဲသူများက ဖေ့ဘုတ်စ်တွင် ဝေဖန်ချက်ရေးသားနေကြပြီး မြန်မာအလုပ်သမားအရေးဆောင်ရွက်သူအချို့ကလည်း ထိုင်းဥပဒေကိုလေးစားရန် သတိပေးကြသည်။

news-view-count-icon

75