back

ဒေသခံများ ပြန်မနေထိုင်သေးသည့် ဆင်ထိုးကြီးရွာတွင် နေအိမ်အချို့မီးလောင်

Jan 12 • 4:17 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ဒေသခံများ ပြန်မနေထိုင်သေးသည့် ဆင်ထိုးကြီးရွာတွင် နေအိမ်အချို့မီးလောင်

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက နေအိမ်အချို့ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။စားသောက်ဆိုင် ဖ...

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာ၊ ပြည်ထောင်စုကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ်ပိုင်းက နေအိမ်အချို့ မီးလောင်ကြောင်း ဒေသခံများထံမှ သိရသည်။စားသောက်ဆိုင် ဖွင့်ထားသည့် နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းနံဘေးရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ယင်းနေအိမ် နှစ်လုံးပတ်ဝန်းကျင်ရှိ နေအိမ် ငါးလုံးဝန်းကျင် မီးအနည်းငယ် ကူးစက်ကာ ပျက်စီးမှုအချို့ရှိကြောင်း ၎င်းတို့က ဆိုသည်။မီးလောင်မှုမှာ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သုံးနာရီခန့် ကြာမြင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 


news-view-count-icon

30