ညအိပ်ရပ်နားထားသော ကားများကို EV တစ်စီးမှ ဝင်တိုက်တိမ်းမှောက်သွားသောဖြစ်ရပ်တစ်ခု ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အရှေ့ရပ်ကွက်)ရှိ အေးလမ်းအတွင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်ရပ်မှာ ဇန်နဝါရီ ၁၁ ရက် ညပိုင်းကဖြစ်ပွားခြင်းလည်းဖြစ်ပြီး EV တက္ကစီတစ်စီးမှ အရှိန်ပြင်းမောင်းဝင်လာကာ ဘေးတိုက်အနေအထားဖြင့် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဆိုကြသည်။



