back

ထိုင်းနိုင်ငံ၊ ပတ္တရား၌ တရုတ်အမျိုးသမီး အိမ်ဝယ်ဖို့ကြည့်ရင်း လုယက်ခံရ

Jan 12 • 3:28 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ပတ္တရား၌ တရုတ်အမျိုးသမီး အိမ်ဝယ်ဖို့ကြည့်ရင်း လုယက်ခံရ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nong Prue မြို့တွင် တရုတ်အမျိုးသမီးတဦးသည် WeChat မှတဆင့် ခင်မင်သိကျွမ်းခဲ့သော အသက် ၃၀ အရွယ် ဂွန်ဂါအိုပင်း အမည်ရှိ တရုတ်အမျိုးသား...

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nong Prue မြို့တွင် တရုတ်အမျိုးသမီးတဦးသည် WeChat မှတဆင့် ခင်မင်သိကျွမ်းခဲ့သော အသက် ၃၀ အရွယ် ဂွန်ဂါအိုပင်း အမည်ရှိ တရုတ်အမျိုးသားတဦးက ပတ္တရား၌ ရောင်းရန်ရှိသော အိမ်တလုံး လိုက်ပြမည်ဆိုကာ တိတ်ဖြင့်ပတ်၍ လုယက်မှုကျူးလွန်ခဲ့သည်။ ဇန်နဝါရီ ၁၁ ရက် ယမန်နေ့ညပိုင်းတွင် အိမ်အရောင်းအဝယ်ကိစ္စအတွက် အိမ် ကြည့်ပြီးပြန်အထွက် နောက်ခုံမှလိုက်ပါလာသည့် ၎င်းက ကတ်ကြေးဖြင့်ထောက်ကာ အိမ်ရာဝင်း အနောက်ဘက်တနေရာသို့ မောင်းနှင်ရန် ခိုင်းစေခဲ့ပြီးနောက် သူမ၏ ဖုန်း Password အတင်းအကျပ်တောင်း၍ WeChat အကောင့်မှ ယွမ် ၆၉၉၆ (ဘတ် ၃၁၄၆၉ ခန့်) ကို သူ့အကောင့်ထဲ လွှဲစေခဲ့သည်။ ထိုစဉ် ကားရပ်၍ မရကြောင်း လူတဦးလာရောက်ပြောဆိုရာ တရုတ်အမျိုးသားက ကားကို အရှိန်ပြင်းစွာ မောင်းထွက်ရန် ကြိုးစားခဲ့သဖြင့် ခြံစည်းရိုးတခုအား တိုက်မိခဲ့ပြီး ၎င်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။






news-view-count-icon

12