back

ဂျပန်၊ ဟော့ကိုင်းဒိုး၊ စိုးယားဒေသတောင်ပိုင်းမှာ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်

Jan 12 • 2:53 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၊ ဟော့ကိုင်းဒိုး၊ စိုးယားဒေသတောင်ပိုင်းမှာ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်

ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်စောစောပိုင်းကနေ နေ့လယ်ပိုင်းအထိ ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး(Hokkaido)ကျွန်းရဲ့ စိုးယားဒေသတောင်ပိုင်း(Soya Southern region)မှာ ငလျင်တွေ ...

ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်စောစောပိုင်းကနေ နေ့လယ်ပိုင်းအထိ ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး(Hokkaido)ကျွန်းရဲ့ စိုးယားဒေသတောင်ပိုင်း(Soya Southern region)မှာ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီငလျင်တွေကြောင့်တော့ ပင်လယ်ရေမျက်နှာပြင် တက်လာနိုင်တဲ့ ဆူနာမီဘေးအန္တရာယ် မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီငလျင်လှုပ်တာတွေထဲက မနက် ၉ နာရီ ၅၀ မိနစ်လောက်မှာ လှုပ်ခဲ့တဲ့ ငလျင်ကတော့ မြေငလျင်ပြင်းအား မဂ္ဂနီကျု ၅.၀ (Magnitude 5.0) ရှိပြီး မြေအောက်အနက်ကလည်း အလွန်နည်းတဲ့ငလျင်ဖြစ်ခဲ့ပါတယ်။ နေ့လယ် ၂ နာရီ ၅၇ မိနစ်မှာလည်း နာကာတွန်ဘဲဆုမြို့နယ်မှာ မြေငလျင်ပြင်းအား ၂ (seismic intensity 2) ရှိတဲ့ နောက်ထပ်ငလျင်တစ်ခု ထပ်လှုပ်ခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်စောစောပိုင်းကနေ ညနေ ၄ နာရီအထိ စိုးယားဒေသတောင်ပိုင်းမှာ မြေငလျင်ပြင်းအား ၁ ကနေ ၃ အထိရှိတဲ့ ငလျင် စုစုပေါင်း ၁၀ ကြိမ် လှုပ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါသည်။



news-view-count-icon

2