back

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က သံအမတ်အသစ်များ ခန့်အပ်

Jan 12 • 2:51 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က သံအမတ်အသစ်များ ခန့်အပ်

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုလွှတ်တော်ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က...

တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုလွှတ်တော်ဖြစ်သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က သံအမတ်အသစ်များ ခန့်အပ်လိုက်ကြောင်း ဇန်နဝါရီ ၁၂ ရက်က တရားဝင်ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်၏နေရာတွင် ကျင်ချွမ်၊ နယ်သာလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ထန်ကျန့် ၏ နေရာတွင် ရှန်းပေါ ၊ အန်တီဂွါနှင့် ဘာဘူဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းယန့်လျင် ၏နေရာတွင် ကျန်ဝေ ၊ မာလီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ကျစ်ဟုန်၏ နေရာတွင် လီရှန် ၊ ကူဝိတ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ့၏ နေရာတွင် ယန်ရှင်း၊ ဆီရာလီယွန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ချင်၏နေရာတွင် ကျောက်ရုန်၊ ဆလိုဗေးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ရွှန့်ချင်း ၏ နေရာတွင် ခန်းယန့်၊ ပေါ်တူဂီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ပန်ထန် ၏ နေရာတွင် ယန်ရိရွှေ့ ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်နှင့် တရုတ်သံအမတ်ကြီး ချန်ရွှိ ၏ နေရာတွင် ကျာကွေ့တယ် တို့အား အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 



news-view-count-icon

6