ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဖိုက်တာများဖြစ်ကြတဲ့ ငြိမ်းချမ်းအေး၊ ရှားတောက်၊ ကျောက်ရိုင်းနဲ့ ဂေါ်ဒိုးထူးတို့ (၄) ဦးစလုံးဟာ ပြိုင်ဘက် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာများကို ရှုံးနိမ့်ခဲ့ကြောင်း သိ ရပါတယ်။ မြန်မာဖိုက်တာ ကျောက်ရိုင်းဟာ ခွန်ခမာ (၅၈) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ မီးစ်ဘွန်သန်းနဲ့ သုံးမိနစ်၊ သုံးချီအဖြစ်ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာဖိုက်တာ ရှားတောက်ဟာ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ အာနာရော့သ်နဲ့ သုံးမိနစ်၊ သုံးချီအဖြစ်ယှဉ်ပြိုင်ထိုးသတ်ရာ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာဖိုက်တာ ငြိမ်းချမ်းအေးဟာ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယား ဖိုက်တာရီဆမီးနဲ့ ယှဉ်ပြိုင်ထိုးသတ်ရာ ဒုတိယအချီမှာ ညာခြေအမြင့်ကန်ချက်ကြောင့် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ပါသည်။



