တောင်ကိုရီးယားမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၁.၅ ဘီလီယံကို ကျော်လွန်ခဲ့ပြီး စံချိန်သစ် တင်သည်။ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် တင်ပို့မှုသည် ၁၁ နှစ်တိုင်တိုင် ဆက်လက်ကြီးထွားခဲ့သည်။ ကိုရီးယား အကောက်ခွန်ဌာနမှ ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ နှစ်စဉ် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၅၂ ဘီလီယံဖြင့် စံချိန်အသစ်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂၁.၈% မြင့်တက်လာခဲ့သည်။ တောင်ကိုရီးယားမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် တင်ပို့မှုသည် ၂၀၁၅ တွင် ကန်ဒေါ်လာ ၂၁၉ သန်းဖိုး ရှိခဲ့သည်။ သို့ဖြစ်ရာ ၁၀ နှစ်တာတွင် ၇ ဆ ဖြစ်လာသည်။



