နေပြည်တော်မြို့နယ်များတွင် စိုက်ပျိုးသောဒေသစိုက် ခရမ်းချဉ်သီးများမှာ ယခုအခါစတင်ထွက်ရှိလာပြီး လတ်တလောတွင် ကျဈေးနှင့်မမိသေးသဖြင့် အမြတ်ငွေရရှိနေသေးကြောင်း ဒေသခံခရမ်းချဉ်သီး စိုက်ပျိုးသောတောင်သူများထံမှ သိရသည်။အစောပိုင်းကာလအတွင်းက ခရမ်းချဉ်သီးဈေး တစ်ပိဿာ ကျပ် ၈၀၀၀-၁၀၀၀၀ ကြားသာရရှိခဲ့ပြီး ယခုအချိန်တွင် တစ်ပိဿာ ၅၀၀၀-၆၀၀၀ ကျပ် ဈေးရရှိနေသေးခြင်းကြောင့် တွက်ခြေကိုက်နေသေးကြောင်း တောင်သူများက ဆိုကြသည်။



