ထိုင်းနိုင်ငံ ချာချင်ဆောင် ရှိ တရုတ်လုပ်ငန်းရှင်ပိုင်သော ကားအကူပစ္စည်းထုတ်လုပ်တဲ့ စက်ရုံ မှ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၇ဦး ရသင့် ရထိုက်တဲ့ နစ်နာကြေးနဲ့ထိပ်လန့်ကြေး စုစုပေါင်း ဘတ်၃သိန်း၉သောင်းကျော်ရရှိခဲ့ တယ်လို့ ၎င်းကိစ္စကို ကူညီပေးတဲ့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံမှသိရပါတယ်။
မြန်မာလုပ်သား ၁၇ဦး ဟာ ၎င်းကားအကူ ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံကို ကြားခံ အေဂျင်စီတစ်ခု အဆက်သွယ် ဖြင့်အလုပ်လုပ်ကိုင်နေတာ လုပ်သက် ၄လ ကျော်မှ ၅လ ကျော်ကြာမြင့် ပြီ ဖြစ်ရာ ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ဒီဇင်ဘာ ၁၂ရက် မှာတော့ စက်ရုံဘက်မှအကြောင်းပြချက်မရှိ အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ အမှု ဖွင့် တိုင်ကြားပြီး နောက် နစ်နာသူမြန်မာလုပ်သားများကို လုပ်ငန်းရှင်ထံမှ ရရှိမယ့် လုပ်အားခ၁၁ရက်စာ ၊အလုပ်မှထုတ်ပယ်ခံရတဲ့ အတွက်နစ်နာကြေးနဲ့ ထိတ်လန့်ကြေး စသဖြင့် နစ်နာသူ လုပ်သားတွေရဲ့ ဆန္ဒအတိုင်း ထိုင်းဘတ်ငွေ ၃ သိန်း ၉သောင်း ၁ ထောင် ကို နယ်မြေခံစဝါဒီကန်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဥပဒေ နှင့်အညီ ရရှိခဲ့ကြောင်း သိရပါတယ်။



