ကမ္ဘောဒီးယားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား စကဲအိုခရိုင်၊ အရန်ပရာထက်မြို့နယ်၊ နောင်ပရူးကျေးရွာအနီးတွင် ယမန်နေ့ ၊ ဇန်နဝါရီလ ၁၁ ရက်နေ့၌ ဘူရဖာစစ်ကြောင်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်သည်။ ၎င်းတို့သည် အုပ်စုလိုက်လမ်းလျှောက်နေကြပြီး စစ်ဆေးမေးမြန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် (Passport) နှင့် အထောက်အထားစာရွက်စာတမ်းမပါရှိကြသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်မှသိရသည်။၎င်းတို့သည် တစ်ဦးလျှင် လမ်းစရိတ်အဖြစ် ၁၂,၀၀၀ ဘတ် ပေးချေခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးစဉ်အတွင်း လိုက်ပါပို့ဆောင်ပေးသူ (လမ်းပြ) ကို တွေ့ရှိခြင်းမရှိဘဲ၊ လက်ရှိတွင် ဖမ်းဆီးရမိသူ ၁၆ ဦးလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ခလောင်နမ်းဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကြောင်း
ထိုင်းစစ်တပ်ကထုတ်ပြန်သည်။


