၂၀၂၆ခု နှစ်၊ဇန်နဝါရီလ၁၀ရက်နေ့ နံနက်၀၈၃၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့၊သစ်တပွေရပ်ကွက်၊ရွှေဘုံသာအရပ်ရှိအစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊မေဂျာပေါင်းစုံပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။၂၀၂၅-၂၀၂၆ပညာသင်နှစ်၏
သင်တန်းအသီးသီးတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသောပထမနှစ် ကျား၃ဦး၊မ၉ဦး၊စုစုပေါင်း၁၂ဦး၊ဒုတိယနှစ်ကျား၄ဦး၊မ၈ဦး၊စုစုပေါင်း၁၂ဦး၊တတိယနှစ်ကျား၆ဦး၊မ၁၈ဦး၊စုစုပေါင်း ၂၄ဦး၊ကျောင်းသားကျောင်သူပေါင်းကျား၁၃ဦး၊မ၃၅ဦး၊စုစုပေါင်း၄၈ဦးတို့အားပညာရည်ချွန်ဆု ချီးမြှင့်ခဲ့ပါကြောင်းသိရသည်။



