back

ကယားပြည်နယ်ရှိKnNC ကျောင်း ရဲ့  နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်

Jan 12 • 2:30 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်ရှိKnNC ကျောင်း ရဲ့  နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်

ကယားပြည်နယ်(ကရင်နီ)အမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ထိုင်း-ကရင်နီနယ်စပ်က ကရင်နီ အမှတ်(၁) ဒုက္ခသ...

ကယားပြည်နယ်(ကရင်နီ)အမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ ထိုင်း-ကရင်နီနယ်စပ်က ကရင်နီ အမှတ်(၁) ဒုက္ခသည် စခန်းတနေရာမှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားအတွင်းမှာတော့ ကရင်နီအမျိုးသားကောလိပ်ကျောင်း (KnNC) ကျောင်းသူ/သားများမှ ရိုးရာအက ဖျော်ဖြေတင်ဆက်တာ၊ ကရင်နီအမျိုးသားကောလိပ်ကျောင်းတာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက် မော်မိမာ မှ အားပေးအမှာစကားပြောကြားတာ၊ ကရင်နီပြည် လုံခြုံရေးအခြေအနေ ဆွေးနွေး သုံးသပ်တာ၊ လူငယ်များနှင့် ပညာရေးအကျပ်အတည်း ဆိုတဲ့ ပညာရေးအခြေအနေ ဆွေးနွေးကြတာ၊ ကျောင်းသူ/သားဟောင်းတွေရဲ့ အတွေ့အကြုံမျှဝေ ဖလှယ်တာ စတဲ့ အစီစဥ်တွေ ဆောင်ရွက်သွားခဲ့ပါတယ်။ KnNC ကျောင်းသားဟောင်း လက်ရှိ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအပါအဝင် လူဦးရေ စုစုပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

news-view-count-icon

30