back

စစ်တွေသာသနာပိုင် ဘီးရှော့ဗာနဗထောင်ဝှေ့ ခရစ်တော်၌ အိပ်ပျော်

Jan 12 • 2:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စစ်တွေသာသနာပိုင် ဘီးရှော့ဗာနဗထောင်ဝှေ့ ခရစ်တော်၌ အိပ်ပျော်

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်မှ သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ဟာ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ ခ...

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်မှ သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ဟာ မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ ခရစ်တော်၌ အိပ်ပျော်သွားတယ်လို့ သိရပါတယ်။သက်တော် (၈၂) နှစ်ရှိ ဘီးရှော့ဗာနဗထောင်ဝှေ့ဟာ သာသနာ့ဝန်ထမ်းဘဝ သက်တမ်းတစ်လျှောက် သိက္ခာတော် (၅၇) ဝါအထိ ဘာသာရေးနဲ့ သာသနာ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံ စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ဒါ့အပြင် ပလက်ဝမြို့နယ်အတွင်းရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဘီးရှော့ဗာနဗထောင်ဝှေ့ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ဘီးရှော့ကြီး ခရစ်တော်၌အိပ်ပျော်သွားတဲ့အပေါ် ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ကလည်း ကျန်ရစ်တဲ့ မိသားစုဝင်များ၊ အသင်းသူ၊ အသင်းသားများနည်းအတူ ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ပါတယ်။

news-view-count-icon

50