မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုရယူနိုင်ခဲ့တာကြောင့် အခုလို မှတ်တမ်းကို ပိုင်ဆို်င်ခဲ့ခြင်းဖြစ်ပါတယ်။စပိန်စူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ၁၉၉၁ နဲ့ ၁၉၉၂၊ ၂၀၀၅ နဲ့ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ စပိန်စူပါဖလားကို ဆက်တိုက်ရယူနိုင်ခဲ့ပြီးတဲ့နောက် အခုတစ်ကြိမ်မှာလည်း ၂၀၂၅ နဲ့ ၂၀၂၆ ဆက်တိုက်ရယူနိုင်ခဲ့တာပါ။ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ (၄)နှစ်ဆက်တိုက် ဆုံတွေ့ကြတာဖြစ်ပြီး ဘာစီလိုနာအသင်းက (၃)ကြိမ်အနိုင်ယူကာ မဟာပြိုင်ဘက်အသင်းကို အလဲထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
| 40 | 0 | 0 | 0 |


