အီရန်နိုင်ငံအတွင်း ငွေကြေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အီရန်အစိုးရက အင်အားသုံး ဖိနှိပ်ဖြိုခွင်းနေမှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က စစ်ရေးအရ တိုက်ခိုက်ရန် နည်းလမ်းသစ်များကို သုံးသပ်ဆွေးနွေးနေကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့တွင် နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။ လက်ရှိ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၁၆ ဦး သေဆုံးပြီး ၂,၆၀၀ ကျော် ဖမ်းဆီးခံထားရသော်လည်း အီရန်ဘာသာရေးခေါင်းဆောင်က မူဝါဒပြောင်းလဲရန်မရှိကြောင်း ပြောကြားထားသဖြင့်၊ ဆန္ဒပြသမားများအပေါ် ဆက်လက်ပစ်ခတ်ချေမှုန်းပါက စစ်ရေးအရ ကြားဝင်တိုက်ခိုက်ရန် သမ္မတထရန့်က အလေးအနက်ထား စဉ်းစားနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အီရန်ရှိ ဆန္ဒပြပွဲများအပေါ် အစိုးရ၏ ဖိနှိပ်မှုများကြောင့် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ရန် စဉ်းစားနေ
Jan 12 • 2:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 48 | 0 | 0 | 0 |


