back

ရခိုင်ပြည်နယ်၊ကျောက်တော် ယိုးချောင်းတွင် စက်လှေချင်းတိုက်မိလို့ အမျိုးသားတစ်ယောက်သေဆုံး

Jan 12 • 2:24 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊ကျောက်တော် ယိုးချောင်းတွင် စက်လှေချင်းတိုက်မိလို့ အမျိုးသားတစ်ယောက်သေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်း စက်လှေချင်းတိုက်မိတဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားသူဟာ ကျောက်တော်မြို့နယ်၊ က...

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်း စက်လှေချင်းတိုက်မိတဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားသူဟာ ကျောက်တော်မြို့နယ်၊ ကျွန်းသာယာကျေးရွာက စားကုန်ဆိုင်‌ရောင်းချနေသူ အသက် ၄ဝ ကျော်အရွယ် ဦးအောင်ကျော်သိန်းဖြစ်ပါတယ်။ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်၊ မနက်အစောမှာ ကုန်သွားဝယ်တဲ့ ဦးအောင်ကျော်သိန်းမောင်းနှင်လာတဲ့စက်လှေနဲ့ ကျောက်တော်မြို့နယ်၊ လေကွိကျေးရွာက ဦးအောင်မြရဲ့သား အသက် (၃၀)ကျော်အရွယ် ဦးကျော်‌အေးမောင်းနှင်လာတဲ့စက်လှေတို့ဟာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းထဲက ငစရိုင်းကိုင်းတောင်ခြေရင်းအနား နှင်းမြူထူထပ်နေစဉ် တိုက်မိမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

news-view-count-icon

41