back

စင်ကာပူ Checkpoint များတွင် ၄ ရက်အတွင်း Vape ပေါင်း ၃၄၀ ကျော် သိမ်းဆည်းရမိ

Jan 12 • 2:23 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Checkpoint များတွင် ၄ ရက်အတွင်း Vape ပေါင်း ၃၄၀ ကျော် သိမ်းဆည်းရမိ

စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ (ICA) သည် နိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် Vape (လျှပ်စစ်စီးကရက်) တရားမဝင် တင်သွင်းမ...

စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်များအာဏာပိုင်အဖွဲ့ (ICA) သည် နိုင်ငံ၏ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် Vape (လျှပ်စစ်စီးကရက်) တရားမဝင် တင်သွင်းမှုများကို အရှိန်မြှင့် စစ်ဆေးလျက်ရှိရာ ၄ ရက်တာအတွင်း ဖမ်းဆီးရမိမှု ဒါဇင်ပေါင်းများစွာနှင့် ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆေးမှုများအရ Vape လက်ဝယ်တွေ့ရှိသူ သို့မဟုတ် မိမိသဘောဆန္ဒအလျောက် စွန့်ပစ်ခဲ့ကြသည့် ခရီးသွား ၅၇ ဦးအထိ ရှိခဲ့ပါတယ်။ အဆိုပါ စစ်ဆေးမှုများအတွင်း Vape ကိရိယာများနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း ၃၄၁ ခုထက်မနည်း သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ဖမ်းဆီးရမိသူများထဲတွင် ၆၇ ရာခိုင်နှုန်းခန့်မှာ ကာလတို ဗီဇာဖြင့် လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများဖြစ်ပြီး ကျန်ရှိသည့် ၃၃ ရာခိုင်နှုန်းမှာ စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်းနေထိုင်ခွင့်ရသူ (PR) များနှင့် ရေရှည်နေထိုင်ခွင့် (Pass) ကိုင်ဆောင်ထားသူများ ဖြစ်ကြပါတယ်။

news-view-count-icon

16