ခရစ္စတီယာနို ရိုနယ်ဒိုဟာ မနေ့ညက ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ကစားခဲ့တဲ့ စပိန်စူပါဖလားဖိုင်နယ်ပွဲကို လာရောက်အားပေးခဲ့ပါတယ် ။ ဒါပေမယ့် သူ့အသင်းဟောင်း ရီးရဲမက်ဒရစ်ကတော့ အနိုင်မရခဲ့ပါဘူး ။ရိုနယ်ဒိုဟာ စပိန်လာလီဂါမှာ ရီးရဲမက်ဒရစ်အသင်းနဲ့ကစားခဲ့တဲ့ ၉ နှစ်အတွင်းမှာ စပိန်စူပါဖလားကို ၂ ကြိမ်သာရယူနိုင်ခဲ့ပါတယ် ။ စပိန်စူပါဖလားကို ဘာစီလိုနာအသင်းက အများဆုံးရရှိထားပြီး အခုနှစ်အပါအဝင် ၁၆ ကြိမ်ရယူဆွတ်ခူးထားခဲ့ပါတယ် ။



