ပြည်တွင်းကမ်းရိုးတန်းသွား ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် ယခင်က အဓိကအားထားခဲ့ရသည့် ရခိုင် (စစ်တွေ) လမ်းကြောင်းမှာ ခရီးစဉ်အကန့်အသတ်များကြောင့် တစ်လလျှင် ၂ ခေါက်ခန့်သာ ပြေးဆွဲနိုင်တော့သဖြင့် လက်ရှိတွင် မြိတ်-ထားဝယ် လမ်းကြောင်းကိုသာ အားထားနေရကြောင်း ရေယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။ မြိတ်-ထားဝယ် ခရီးစဉ်၌ ရန်ကုန်မှအသွားတွင် ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများကို တင်ဆောင်ရသော်လည်း အပြန်တွင်မူ ကုန်သွယ်မှုမူဝါဒ ကန့်သတ်ချက်များကြောင့် ကုန်မပါဘဲ ခါလီပြန်လာရသည့် အခေါက်များပြားနေသဖြင့် လုပ်ငန်းတွက်ချေမကိုက်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ရခိုင်လမ်းကြောင်းမှာ အသွားအပြန် ကုန်စည်စီးဆင်းမှု ကောင်းမွန်သောကြောင့် လုပ်ငန်းရှင်များ ပိုမိုပြေးဆွဲလိုသော်လည်း လက်ရှိအခြေအနေများကြောင့် မြိတ်-ထားဝယ်ဘက်ကိုသာ ပြောင်းလဲအားကိုးနေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 50 | 0 | 0 | 0 |


