ရန်ကုန်မြို့ရှိ အများပြည်သူဆိုင်ရာ (Public) ပန်းခြံများအတွင်း အရွယ်မရောက်သေးသော လမ်းဘေးကလေးငယ်အချို့သည် ကော်ရှူခြင်း၊ ဆေးလိပ်သောက်ခြင်းများ ပြုလုပ်သည့်အပြင် လာရောက်အပန်းဖြေသူများထံမှ ငွေကြေးလိုက်လံတောင်းခံခြင်းနှင့် ပစ္စည်းများကို အလစ်သုတ်လုယူခြင်းများ ဆက်တိုက်ကြုံတွေ့နေရကြောင်း သိရသည်။ အသက် ၁၀ နှစ်မှ ၁၂ နှစ်ဝန်းကျင်ရှိ အဆိုပါကလေးငယ်များသည် စားသောက်ဖွယ်ရာများနှင့် တန်ဖိုးရှိပစ္စည်းများကို အလစ်လုယူထွက်ပြေးလေ့ရှိသဖြင့် လေ့ကျင့်ခန်းလုပ်သူများနှင့် အပန်းဖြေသူများမှာ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ပန်းခြံပေါင်း ၆၀ ကျော်ရှိပြီး ယခုကဲ့သို့ ငွေတောင်းခြင်း၊ လုယက်ခြင်းများကို ပန်းခြံများအတွင်းသာမက မီးပွိုင့်များတွင်ပါ လုပ်ဆောင်နေကြကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ ပြောပြချက်အရ သိရှိရပါသည်။
Jan 12 • 1:50 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


