back

မြန်မာဖူဆယ်လိဂ်-၁ ပွဲစဉ် (၅) ကြိုတင်သုံးသပ်ချက် - ချန်ပီယံလုပွဲနှင့် အဆင့်လုပွဲများ အကြိတ်အနယ်ရှိလာမည့် အပတ်စဉ်

Jan 12 • 1:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာဖူဆယ်လိဂ်-၁ ပွဲစဉ် (၅) ကြိုတင်သုံးသပ်ချက် - ချန်ပီယံလုပွဲနှင့် အဆင့်လုပွဲများ အကြိတ်အနယ်ရှိလာမည့် အပတ်စဉ်

မြန်မာဖူဆယ်လိဂ်-၁ (Glan Master Futsal League 2025-2026) ၏ ပွဲစဉ် (၅) တွင် ချန်ပီယံဆုကို ကာကွယ်ရန် ကြိုးပမ်းနေသည့် MIU၊ ခြေစွမ်းပြနေသည့် တန်းတက်အသင်း TG United န...

မြန်မာဖူဆယ်လိဂ်-၁ (Glan Master Futsal League 2025-2026) ၏ ပွဲစဉ် (၅) တွင် ချန်ပီယံဆုကို ကာကွယ်ရန် ကြိုးပမ်းနေသည့် MIU၊ ခြေစွမ်းပြနေသည့် တန်းတက်အသင်း TG United နှင့် ထိပ်တိုက်တွေ့ဆုံမည့် YCDC Dream Team နှင့် YRG တို့၏ Big Match များကြောင့် ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ် အပတ်စဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ အင်အားကြီးအသင်းများဖြစ်သော MIU နှင့် VUC တို့က အမှတ်ရရန် ရုန်းကန်နေရသည့် အသင်းငယ်များကို အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ပိုင်းကို ဆက်လက်ဖိအားပေးရန် ကြိုးပမ်းကြမည်ဖြစ်သလို၊ အဆင့် ၃ နှင့် ၄ နေရာမှ Pacific Sun Far နှင့် M2K တို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ရမှတ်တူနေသဖြင့် အကြိတ်အနယ်ရှိနိုင်ပြီး ချန်ပီယံဆုအတွက် အဓိကကျသော YCDC Dream Team နှင့် YRG တို့ပွဲစဉ်တွင် အမှားအနည်းဆုံးအသင်းကသာ အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

news-view-count-icon

31