ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့နယ်များအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားပစ္စည်းများနှင့်အတူ အကြီးစားမူးယစ်ဆေးဝါးချက်စခန်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇန်နဝါရီလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သီပေါမြို့နယ်၊ နမ့်လန်ဒေသ၌ ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဆုတ်ခွာသွားသည့် အဖွဲ့များနောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းရာတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းသုံး ကွန်ပျူတာ ၅၀ ကျော်၊ Star Link နှင့် ဖုန်းများကို သိမ်းဆည်းရမိခဲ့သည်။ထို့ပြင် မိုင်းရယ်မြို့နယ်အတွင်း ဆက်လက်ရှင်းလင်းရာ၌ မူးယစ်ဆေးမှုန့်ဟု ယူဆရသော အဖြူမှုန့်အိတ် ၃၀၀ အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂက်စ်အိုး ၄၀၀ ကျော်နှင့် ပေပါ ၁,၆၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးလုပ်ငန်းများတွင် SSA အဖွဲ့မှ ပါဝင်ပတ်သက်သူ ၆ ဦးကိုလည်း ယူနီဖောင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကနဦးစစ်ဆေးချက်များအရ ယင်းစခန်းများမှာ ဘိန်းဖြူနှင့် မက်သ်အဖက်တမင်း (Ice) များ ထုတ်လုပ်နေခြင်းဖြစ်ပြီး၊ ဖမ်းဆီးရမိသည့်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ မီးရှို့ဖျက်ဆီးကာ ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Jan 12 • 1:43 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 38 | 0 | 0 | 0 |


