back

စင်ကာပူနိုင်ငံသားခံယူထားသူ တရုတ်တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူခံရ

Jan 12 • 1:42 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူနိုင်ငံသားခံယူထားသူ တရုတ်တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူခံရ

စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသော်လည်း တရုတ်နိုင်ငံသားအဖြစ်မှ တရားဝင်စွန့်လွှတ်ခြင်းမရှိဘဲ Shenzhen မြို့တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် Zhang အမည်ရှိ...

စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသော်လည်း တရုတ်နိုင်ငံသားအဖြစ်မှ တရားဝင်စွန့်လွှတ်ခြင်းမရှိဘဲ Shenzhen မြို့တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် Zhang အမည်ရှိ အမျိုးသားတစ်ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း ဇန်နဝါရီလ ၁၁ ရက် သတင်းများအရ သိရသည်။ ၎င်းသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း စင်ကာပူနိုင်ငံကူးလက်မှတ်ဖြင့် တရုတ်နိုင်ငံသို့ အကြိမ်ပေါင်း ၁၈၀ ကျော် ဝင်ထွက်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် ပြည်ပပြန်ကျောင်းသားအဖြစ် ဟန်ဆောင်ကာ အိမ်ထောင်စုစာရင်းသွင်းရန် ကြိုးပမ်းခဲ့သလို ၂၀၂၀ ပြည့်နှစ်တွင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် တရားမဝင် ဆက်လက်နေထိုင်ခဲ့ခြင်းဖြစ်သည်။ တရားခံက ၎င်းအနေဖြင့် တရုတ်နိုင်ငံတွင်သာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် တရုတ်နိုင်ငံသားအဖြစ်သာ သတ်မှတ်ရန် ထုချေခဲ့သော်လည်း၊ စင်ကာပူနှင့် တရုတ် နှစ်နိုင်ငံစလုံးမှာ နှစ်နိုင်ငံသားခံယူခွင့် (Dual Citizenship) ကို လက်မခံသည့်အတွက် ၎င်း၏အယူခံကို ပယ်ချကာ ဥပဒေအရ ထိရောက်စွာ အရေးယူခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

14