ရန်ကုန်တက္ကသိုလ် သင်္ချာမိသားစုမှ ကြီးမှူးကျင်းပသော (၂၈) ကြိမ်မြောက် သက်ကြီးအာစရိယပူဇော်ပွဲကို ဇန်နဝါရီလ ၁၁ ရက်တွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် သင်္ချာကျောင်းသားဟောင်းများက ကန်တော့ခံ သက်ကြီးဆရာ၊ ဆရာမကြီး ၁၁၉ ဦးအား ပူဇော်ကန်တော့ကြပြီး ကန်တော့ခံပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ သင်္ချာဌာနမှူး ဒေါက်တာအောင်ကျော်က ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ထူးချွန်ထင်ရှား သင်္ချာဂုဏ်ထူးဆောင်ကျောင်းသူဟောင်း ဒေါ်နန်းမောက်လောဝ်ဆိုင်အား "သင်္ချာဂုဏ်ရည်စလွယ်" ချီးမြှင့်ခဲ့သည်။ ထို့ပြင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် ဆရာကြီး၊ ဆရာမကြီးများ၏ ဆုံးမဩဝါဒစကားများ နာယူခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Jan 12 • 1:45 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 45 | 0 | 0 | 0 |


