back

တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးရန်အခက်အခဲရှိသူ ၁၅၀ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ထုတ်ပေးခဲ့

Jan 12 • 1:39 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးရန်အခက်အခဲရှိသူ ၁၅၀ ဦးကို နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ထုတ်ပေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး သို့မ...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး သို့မဟုတ် ပျောက်ဆုံးနေသည့် မဲဆန္ဒရှင် ၁၅၀ ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နေ့ချင်းပြီး ကတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။ မဲရုံဖွင့်ချိန်မှ ပိတ်ချိန်အတွင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါမြို့နယ်တွင် ပန်းခင်းစီမံချက် အပိုင်း (၃) ကိုလည်း ဇန်နဝါရီလ ၂၄ ရက်အထိ ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ တောင်ဥက္ကလာပမြို့နယ်တွင် မဲပေးခွင့်ရှိသူ စုစုပေါင်း ၁ သိန်းကျော်ရှိပြီး နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25