မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ကာလအတွင်း မဲမပေးရန် လိုက်လံခြိမ်းခြောက် အော်ဟစ်နေသည့် အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။ ပေါင်မြို့နယ်၊ ကျုံကကျေးရွာတွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ် ကိုမျိုးဆိုသူသည် အရက်မူးပြီး မဲသွားမပေးကြရန် ခြိမ်းခြောက်ပြောဆိုကာ ရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့သည့်အတွက် မုတ္တမနယ်မြေရဲစခန်းက ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မဲမပေးရန် ခြိမ်းခြောက်နှောင့်ယှက်သူကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူ
Jan 12 • 1:40 AM
မြန်မာ
မွန်
မျှဝေမည်
| 38 | 0 | 0 | 0 |


