ဂျပန်ဝန်ကြီးချုပ် Sanae Takaichi (ဆာနာအေး တာကာအိချိ) သည် လက်ရှိရရှိထားသော လူထုထောက်ခံမှုများကို အခိုင်အမာရယူနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲကို စောစီးစွာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ညွန့်ပေါင်းမိတ်ဖက်ပါတီခေါင်းဆောင် Hirofumi Yoshimura က ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသူ တာကာအိချိသည် တရုတ်နိုင်ငံအပေါ် တင်းမာသော ရပ်တည်ချက်ကြောင့် လက်ယာယိမ်း မဲဆန္ဒရှင်များ၏ အားပေးမှုကို ရရှိထားသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံနှင့် သံတမန်ရေးရာ တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပရန် ဝန်ကြီးချုပ်က စဉ်းစားနေသော်လည်း အချိန်အတိအကျကိုမူ ဆွေးနွေးဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း သိရှိရပါသည်။
| 11 | 0 | 0 | 0 |


