အင်ဒိုနီးရှားနိုင်ငံ၊ တာလောကျွန်းစုတွင် ဇန်နဝါရီလ ၁၀ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ (GFZ ၏ တိုင်းတာချက်အရ ၆ ဒသမ ၈ အဆင့်) ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၇ ကီလိုမီတာခန့်တွင် ရှိကြောင်း အင်ဒိုနီးရှား ဘူမိရူပဗေဒအေဂျင်စီ (BMKG) က ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်ကြောင့် စူလာဝေစီကျွန်း မြောက်ဘက်ပိုင်းရှိ မင်နာဒါအို ဒေသခံများ ပြင်းထန်သော တုန်ခါမှုကို ခံစားခဲ့ရသော်လည်း ဆူနာမီလှိုင်းဖြစ်ပေါ်နိုင်ခြေမရှိကြောင်းနှင့် လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှု သတင်းများ မရရှိသေးကြောင်း သိရသည်။ ပစိဖိတ်မီးကွင်းအတွင်း တည်ရှိသော အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အလွှာပြားများ ဆုံတွေ့ရာနေရာဖြစ်၍ ယခုကဲ့သို့ ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါသည်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်းတွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်ပြင်းလှုပ်ခတ်သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ
Jan 12 • 1:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


