ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၌ နေအိမ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းထားရာမှ အသုံးဆောင်ပစ္စည်းအချို့ကို ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင် ၂၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် အပြီးမီးငြှိမ်းသတ်နိုင်ခဲ့သည်။မီးလောင်မှုဖြစ်စဉ်အား တာဝန်ရှိသူများ စစ်ဆေးချက်အရ နေအိမ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းထားရာမှ အားသွင်းခေါင်း အပူလွန်ကာ မျက်နှာကျက်၊ အဲယားကွန်းအင်ဒိုး တစ်လုံးနှင့် ဖုန်း တစ်လုံးတို့အား စတင်မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် လူ၊ တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် စုစုပေါင်းပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုးကျပ် ၃၅၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။အဆိုပါမီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ ဒေါ်ကျောက်ဝင်ရှမ်း (၄၃ နှစ်)အား တာချီလိတ်မြို့မရဲစခန်းက (ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ အရ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။



