back

၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ကျပ် ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Jan 12 • 1:34 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ကျပ် ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ တစ်နှစ်တာအတွင်း အမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးကို ငွ...

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ တစ်နှစ်တာအတွင်း အမှုပေါင်း ၅,၃၇၀ မှုမှ တရားခံ ၇,၅၆၂ ဦးကို ငွေကျပ် ၁၇၆၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ထုတ်ပြန်လိုက်သည်။ ဖမ်းဆီးရမိမှုများတွင် စိတ်ကြွဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် (Ice) ၃၇ တန်ကျော်နှင့် ကက်တမင်း ၁၅ တန်ကျော်တို့ အဓိကပါဝင်ပြီး၊ ပစ္စတိုသေနတ် ၄၀ လက်အပါအဝင် လက်နက်ခဲယမ်းများ၊ ဒီတိုနေတာ ၁ သိန်း ၈ သောင်းကျော်တို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းချက်စခန်းများနှင့် ဆေးပြားရိုက်စက်များကို ဖော်ထုတ်နိုင်ခဲ့သည့်အပြင် ၂၀၂၅-၂၀၂၆ ဘိန်းစိုက်ရာသီအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ ဘိန်းစိုက်ခင်း ဧက ၅,၀၀၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

50